ဂျာမနီနိုင်ငံအရှေ့တောင်ပိုင်းက ဘာဗေးရီးယန်းပြည်နယ်၊ ခါမွန့်ဇ်မြို့မှာ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က မိုးသည်းလို့ အနားက နာ့ဘ်မြစ်ရဲ့ ကမ်းပါးတွေ ကျိုးပေါက်ခဲ့ပြီး ရေလွှမ်းမိုးခဲ့ပါတယ်။
မြစ်ကမ်းနားက လမ်းအများစုမှာ ခရစ္စမတ်နေ့ နေ့လယ်ပိုင်းက ရေအောက်မြုပ်နေခဲ့ပြီး ဥယျာဉ်တွေနဲ့ မြေအောက်ခန်း အများအပြား ရေလွှမ်းခဲ့ပါတယ်။
အရေးပေါ်ဌာနတွေလည်း ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို လှေတွေနဲ့ ဘေးကင်းရာပို့ခဲ့ပြီး မြေအောက်ခန်းတွေကနေ ရေတွေကို စုပ်ထုတ်ရင်း အလုပ်များနေခဲ့ပါတယ်။
သန့်ရှင်းရေးလုပ်ငန်းတွေ မစတင်မီ ရေကြီးရေလျှံမှု အထွတ်အထိပ် ရောက်တဲ့အထိ စောင့်ဆိုင်းနေကြပါတယ်။
ဖလားတီးနိတ်ဒေသ အထက်ပိုင်းမှာ မြစ်ရေမျက်နှာပြင်ဟာ ပုံမှန်အားဖြင့် တမီတာခွဲသာ ရှိပေမဲ့ ခရစ္စမတ်နေ့မှာ ရေမျက်နှာပြင်က သုံးမီတာအထက် မြင့်တက်ခဲ့တာပါ။
ညနေပိုင်းမှာ မြစ်ရေက လေးမီတာကျော်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း ရေကြီးရေလျှံမှု သတင်းအချက်အလက်ဌာနက ဆိုပါတယ်။
Source/Photo-Reuters