တိုက်စစ်မှူး ဟွိုက်လန်းရဲ့ သွင်းဂိုးတွေ ထပ်လာဦးမှာဖြစ်ကြောင်း မန်ယူနည်းပြ အဲရစ်တန်ဟတ်ဂ်က ပြောသွားပါတယ်။
ဟွိုက်လန်းဟာ ဒိန်းမတ်အသင်းအတွက်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဂိုးတွေသွင်းယူခဲ့တာကို ထောက်ပြခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း ဂိုးမသွင်းနိုင်စရာမရှိကြောင်း အားပေးစကား ပြောခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
“တိုက်စစ်မှူးတယောက်အနေနဲ့ ဂိုးမသွင်းနိုင်တာက ပြဿနာတခုဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူက သန်မာတဲ့စရိုက်လက္ခဏာရှိပြီး ကိုယ်ရည်ကိုယ်သွေးလည်း ရှိသူဖြစ်လို့ သူ့ရဲ့ သွင်းဂိုးတွေက ထပ်လာဦးမှာပါ” လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ဒိန်းမတ်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ၁၅ ပွဲကစားအပြီးမှ ပထမဆုံး သွင်းဂိုးရရှိခဲ့တာပါ။
မန်ယူအသင်းကို ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ဆာဂျင်ရတ်ကလစ်ဖ်ရဲ့ INEOS ကုမ္ပဏီက တာဝန်ယူခဲ့တဲ့ အပေါ်မှာတော့ တခြားအားကစားနည်းတွေမှာလည်း အတွေ့အကြုံရှိတဲ့ အဖွဲ့အစည်းဖြစ်လို့ အသင်းအတွက် အပေါင်းလက္ခဏာဆောင်တယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
Photo-Reuters