Home
အားကစား
ခြေစွမ်းကျဆင်းသွားကြောင်း နယူးကာဆယ် နောက်ခံလူ ထရစ်ပီယာ ဝန်ခံ
DVB
·
December 27, 2023
Kieran Trippier_27122023

ခြေစွမ်းအဆင့်အတန်း ကျဆင်းသွားကြောင်း နယူးကာဆယ်နောက်ခံလူ ထရစ်ပီယာက ဝန်ခံ ပြောသွားပါတယ်။

ထရစ်ပီယာဟာ နယူးကာဆယ်အသင်းရဲ့ ရလဒ်ကောင်းရရှိခဲ့မှုတွေမှာ ခြေစွမ်းပြခဲ့သူဖြစ်ပေမဲ့ အခုနောက်ပိုင်း ရလဒ်ဆိုးတွေမှာ အမှားအယွင်းတွေ များလာခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်မှာလည်း နယူးကာဆယ်က ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး လိဂ် ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။

ဥရောပပွဲစဉ်တွေကနေ ထွက်ခဲ့ရပြီး တပတ်ကို သုံးပွဲကစားရတာက စိန်ခေါ်မှုရှိပြီး တချို့အတွက် အတွေ့အကြုံမရှိကြောင်း၊ မိမိကိုယ်တိုင်လည်း ခြေစွမ်းကျဆင်းနေပြီး အရင်လို ခြေစွမ်းကို မမီသေးကြောင်း ထရစ်ပီယာက ပြောပါတယ်။

ကစားသမားဘဝမှာ အနိမ့်၊ အမြင့်တွေ ရှိခဲ့ဖူးတာကြောင့် လက်ရှိအခြေအနေပေါ် အကောင်းဆုံး ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ကြောင်း ထရစ်ပီယာက ပြောပါတယ်။

နယူးကာဆယ်ဟာ ပွဲစဉ် ၁၉ အပြီးမှာ အဆင့်၈ နေရာအထိ ကျဆင်းသွားပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024