မန်ယူအသင်းသားတွေအနေနဲ့ တာဝန်ရှိရှိနဲ့ ရာနှုန်းပြည့်ပေးဆပ်ကစားကြဖို့ နည်းပြအဲရစ်တန်ဟတ်ဂ်က တိုက်တွန်းသွားပါတယ်။
အက်စတန်ဗီလာအသင်းနဲ့ပွဲစဉ် မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အသင်းသားတွေကို နည်းပြတန်ဟတ်ဂ်က တိုက်တွန်းခဲ့တာပါ။
နည်းပြတစ်ယောက်အနေနဲ့ တာဝန်ရှိရှိနဲ့ ဦးဆောင်သွားရမှာ ဖြစ်သလို ကစားသမားတွေ ဘက်မှာလည်း တာဝန်ရှိပြီး ရာနူန်းပြည့်ပေးဆပ်ကစားဖို့လိုကြောင်း၊ အသင်းရဲ့ အဆင့်အတန်းက ဘာလဲဆိုတာ အားလုံးသိကြပြီးဖြစ်လို့ နိုင်ပွဲရရှိဖို့ လိုအပ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ပြိုင်ဘက်ဗီလာအသင်းက အကောင်းဆုံး ခြေစွမ်းရရှိနေတာကြောင့် အခွင့်အရေးတွေဖန်တီးပြီး အသုံးချနိုင်မှသာ နိုင်ပွဲရရှိမှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိထားပြီး နိုင်ပွဲပျောက်နေတာလည်း ၄ ပွဲဆက်တိုက် ရှိနေပြီ ဖြစ်ပါတယ်။
Photo - Reuters