Home
မြန်မာသတင်း
မရမ်းကုန်းတွင် စစ်တပ်ဘန်ကာ ဗုံးပေါက်ကွဲ
DVB
·
December 25, 2023
Mayangone security_25122023

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်လမ်းမနဲ့ ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ သမိုင်းလမ်းဆုံ စစ်ကောင်စီတပ် ဘန်ကာမှာ ဒီဇင်ဘာ ၂၄ ရက် ညက အင်အားပြင်းထန်တဲ့ ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပါတယ်။

အဆိုပါဖောက်ခွဲမှုကို Myanmar People Revolutionary Army - MPRA တပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ည ၈ နာရီ ၁၆ မိနစ်လောက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

MPRA တပ်ဖွဲ့တာဝန်ရှိသူတဦးက “ဒီမစ်ရှင်ကို အချိန်သုံးပတ်‌ကျော်လောက်ယူပြီးတော့ ပြင်းအားများတဲ့ ဗုံးတလုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ မြေပြင်သတင်းတွေအရတော့ စစ်ကောင်စီဘက်က သုံးယောက် ထိသွားတယ်လို့ ကြားတယ်။ အသံကတော့ လှိုင်၊ မရမ်းကုန်းနဲ့ အင်းစိန် စော်ဘွားကြီးကုန်အထိပါ ကြားရတယ်။ ကျနော်တို့ရဲဘော်တွေ အားလုံး ဘေးကင်းပါတယ်” လို့ ပြောပါတယ်။

သမိုင်းလမ်းဆုံက စစ်တပ်ဘန်ကာ ဗုံးခွဲမှုအပြီးမှာ အင်းစိန်လမ်းမတလျှောက်ရှိ ရပ်ကွက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့စစ်ဆေးတာတွေ ရှိခဲ့ပြီး ဧည့်စာရင်းဝင်စစ်တာနဲ့ ကင်းလှည့်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

MPRA တပ်ဖွဲ့ဝင်တွေဟာ EAO, ERO နယ်မြေတွေမှာ Local PDF တွေအဖြစ် လေ့ကျင့် တာဝန်ထမ်းဆောင်ခဲ့ကြပြီး ပြည်သူကိုသစ္စာခံကာ အာဏာရှင်အမြစ်ပြတ်တဲ့အထိ တွန်းလှန်တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024