Home
နိုင်ငံတကာ
အပစ်အခတ်ရပ်စဲရန် အစ္စရေးကို မတောင်းဆိုခဲ့ဟု သမ္မတ ဘိုင်ဒင်ပြော
DVB
·
December 25, 2023
JoeBiden_25122023

အမေရိကန်နဲ့ အစ္စရေး ခေါင်းဆောင်နှစ်ဦး ဒီဇင်ဘာ ၂၃ ရက်က ဖုန်းပြောခဲ့တဲ့အထဲမှာ အပစ်အခတ် ရပ်စဲရေးအတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို မတောင်းဆိုခဲ့ဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောလိုက်ပါတယ်။

စစ်ရေးလှုပ်ရှားမှုတွေကို ပိုတိုးမလုပ်ဖို့ အမေရိကန်က အစ္စရေးကို စည်းရုံးခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဒီဇင်ဘာ ၂၄ ရက်မှာ ပယ်ချခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့တွေလို အစ္စရေးကို တိုက်ခိုက်မှာ စိုးရိမ်ပြီး လက်ဘနွန်နိုင်ငံမှာရှိတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို မတိုက်ခိုက်ဖို့ နေတန်ယာဟုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖျောင်းဖျခဲ့တယ်လို့ ဩဇာကြီးတဲ့ ဝေါလ်စထရိဂျာနယ်က ဒီဇင်ဘာ ၂၃ ရက်မှာ ဖော်ပြခဲ့တာပါ။

မောင်းသူမဲ့လေယာဉ်တစင်းက ပစ်ခတ်တာခံခဲ့ရတဲ့၊ အစ္စရေးနဲ့ ဆက်နွှယ်နေတဲ့ ကုန်သည်သင်္ဘောတစီးကို အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က ဒီဇင်ဘာ ၂၄ ရက်မှာ ခြံရံလိုက်ပါလာခဲ့ပါတယ်။

သင်္ဘောနှစ်စင်းဟာ ဒီဇင်ဘာ ၂၅ ရက်မှာ မွမ်ဘိုင်းမြို့ဆီ ရောက်လာမယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး ဒေသခံမီဒီယာတွေက ပြောခဲ့ပါတယ်။

သင်္ဘောဟာ မူလက အိန္ဒိယတောင်ပိုင်းမှာရှိတဲ့ မန်ဂလောဆိပ်ကမ်းဆီ ဦးတည်သွားခဲ့တယ်လို့ ရိုက်တာသတင်းထောက်တဦးက ပြသခဲ့ပါတယ်။

ပင်လယ်နီမှာ ခုတ်မောင်းနေတဲ့ စီးပွားရေးသင်္ဘောတွေကို အီရန်အစိုးရရဲ့ မဟာမိတ် ယီမင်အခြေစိုက် ဟူသီ လှုပ်ရှားမှုအဖွဲ့က တိုက်ခိုက်ဖို့ စီစဉ်ရာမှာ အီရန်အစိုးရက ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို အီရန်နိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာ ၂၃ ရက်မှာ ငြင်းဆိုခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024