အိန္ဒိယအနုပညာရှင် စူဒါရှန်ပတ်နိုက်ဟာ နိုင်ငံအရှေ့ပိုင်း ပူရီကမ်းခြေမှာ သဲပန်းချီပန်းပုရုပ်တုကို ဒီဇင်ဘာ ၂၄ ရက်က ထုတ်ဖော်ပြသခဲ့ပါတယ်။
လဲလျောင်းနေတဲ့ ခရစ္စမတ်ဘိုးဘိုးပုံ သဲပန်းပုရုပ်မှာ ကြက်သွန်နီ ၂,၀၀၀ ကီလိုဂရမ်ကို ထည့်သွင်း ပုံဖော်ထားပါတယ်။
အရှည် ပေ ၁၀၀၊ အမြင့် ပေ ၂၀ နဲ့ အကျယ်ပေ ၄၀ ရှိတဲ့ ဒီသဲပန်းပုဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ တခုတည်းသော ကြက်သွန်နီနဲ့ သဲပန်းပုရုပ်တု ဖြစ်နိုင်တယ်လို့ စူဒါရှန်က ပြောပါတယ်။
ဒီလိုဖန်တီးဖြစ်အောင် လှုံ့ဆော်စေတာက ရာသီဥတုဖောက်ပြန်မှုလို့လည်း သူက ဆက်ပြောပါတယ်။
ခရစ္စမတ်ပွဲတော်ကို အဓိကအားဖြင့် ဟိန္ဒူဘာသာဝင်တွေ ကြီးစိုးရာ အိန္ဒိယနိုင်ငံရဲ့ အစိတ်အပိုင်းတွေမှာလည်း ခမ်းခမ်းနားနား ကျင်းပလေ့ရှိပြီး အထူးဟင်းလျာတွေ ပြင်ဆင်ခြင်းအားဖြင့်လည်း ကျင်းပကြပါတယ်။
Source/Photo-Reuters