ပီရူးရဲတပ်ဖွဲ့ဟာ မြို့တော်လီမာနားက ဟွာကယ်လ်မြို့မှာ ခရစ္စမတ်ဘိုးဘိုးရဲ့ အထူးအကူအညီနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးတခုကို လုပ်ဆောင်ခဲ့ပါတယ်။
အစိမ်းရောင်တပ်ဖွဲ့လို့ လူသိများတဲ့ မြို့ပြထောက်လှမ်းရေးအဖွဲ့က အရာရှိတဦးက ခရစ္စမတ်ဘိုးဘိုးလို ဝတ်ထားပြီး တံခါးတချပ်ကို တူနဲ့ရိုက်ဖွင့်ရင်း သံသယရှိသူကိုဖမ်းဖို့ ကူညီပေးနေပုံကို ပီရူးအမျိုးသားရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
မူးယစ်ဆေးဝါးရောင်းတဲ့နေရာက ဝင်ဖို့ခက်လို့ ဒေသခံတွေကို ရဲတွေက သတိမပေးဘဲ အခင်းဖြစ်တဲ့နေရာနားကို ခရစ္စမတ်ဘိုးဘိုးအဖြစ် ရုပ်ဖျက်ဝင်ရောက်ခဲ့တာလို့ အစိမ်းရောင်တပ်ဖွဲ့ရဲ့ အကြီးအကဲ ဝေါလ်တာ ပါလိုမီနိုက ပြောပါတယ်။
အသက် ၂၅ နှစ်နဲ့ ၃၂ နှစ်ကြား အမျိုးသားနှစ်ယောက်ကို မူးယစ်ဆေးဝါးရောင်းချမှုနဲ့ ဖမ်းဆီးထားတယ်လို့ ပီရူးဒေသခံမီဒီယာက ပြောပါတယ်။
Source/Photo-Reuters