Home
မြန်မာသတင်း
စမ်းချောင်းတွင် အမျိုးသမီးအဆောင် အမည်ခံကာ ရဲနှင့်‌ပေါင်းပြီး လောင်းကစားဝိုင်းများ ဖွင့်လှစ်
DVB
·
December 22, 2023
Border_22122023

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ အမျိုးသမီးအဆောင် အမည်ခံ တရားမဝင် လောင်းကစားဝိုင်းတွေကို ရဲနဲ့ပေါင်းပြီး ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

စမ်းချောင်း(မြောက်ရပ်ကွက်)၊ မြေနီကုန်း(တောင်ရပ်ကွက်) တို့မှာ အမျိုးသမီးအဆောင်ဆိုတဲ့ ဆိုင်းဘုတ်တွေ တပ်ဆင်ထားပေမယ့် အတွင်းမှာတော့ လောင်းကစားဝိုင်းတွေကို ဖွင့်လှစ်ထားတာလို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

“အဲဒီလောင်းကစားဝိုင်းတွေက အာဏာသိမ်းပြီးတဲ့နောက်မှ ပေါ်လာတာ။ ရဲတွေလည်း သိတယ်၊ ဆက်ကြေးပေးထားတော့ မဖမ်းကြဘူး။ တခါတလေ ရဲတွေပါ လာကစားတာမျိုးတောင် ရှိတယ်” လို့ စမ်းချောင်း(မြောက်ရပ်ကွက်) မှာ နေထိုင်သူတဦးက ပြောပါတယ်။

စမ်းချောင်းမြို့နယ်အတွင်း ဒီလို လောင်းကစားဝိုင်းတွေ၊ ခိုးဆိုးလုနှိုက်နဲ့ မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူးနိုင်ဖို့အတွက် စမ်းချောင်းရဲတပ်ဖွဲ့ မြို့နယ်မှူးကိုယ်တိုင် လာဘ်ငွေရယူပြီး ခွင့်ပြုပေးထားတာလို့ သိရပါတယ်။

ဒီလိုအခြေအနေတွေကို စမ်းချောင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သိရှိထားပြီး ပြည်သူတွေအနေနဲ့ အဲဒီနေရာတွေကို သွားရောက်တာတွေ မလုပ်ဖို့နဲ့ အဲဒီနေရာတွေမှာ တစုံတခုဖြစ်ရင် တာဝန်မယူဘူးလို့ သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024