ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့တို့မှာ ဒီဇင်ဘာ ၁၉ ရက်က ရွက်လွှင့်နေတဲ့ ကုန်သင်္ဘော တချို့မှာ လက်နက်ကိုင်အစောင့်တွေ ပါတယ်လို့ လန်ဒန် စတော့အိတ်ချိန်းအုပ်စု LSEG ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။
ကမ္ဘာ့အဓိက အရှေ့-အနောက် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေရဲ့ ရေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကုန်သည်တွေဟာ လမ်းကြောင်းတွေနဲ့ ဈေးနှုန်းတွေကို ချိန်ညှိထားကြပါတယ်။
ဒစ်ဂျစ်တယ် သင်္ဘောခြေရာခံ ဒေတာထဲမှာ ပြထားတဲ့ အချက်အလက်တွေကို ဦးတည်ရာ ဆိပ်ကမ်းရဲ့ နာမည်နဲ့ အစားထိုးပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်က ဆိုမာလီပင်လယ်ဓားပြတွေရဲ့ တိုက်ခိုက်မှုတွေကို တားဆီးဖို့ ပင်လယ်နီရေပြင်မှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်သင်္ဘောတွေပေါ်မှာ ကိုယ်ပိုင်လက်နက်ကိုင် အစောင့်တွေကို နှစ်ပေါင်းများစွာ တပ်စွဲထားပြီးသားလို့ သင်္ဘောသတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။
ဂါဇာကမ်းမြောင်မှာ အစ္စရေးတို့ ဝိုင်းရံထားတဲ့ ပါလက်စတိုင်းတွေကို ဟူသီတွေက ထောက်ခံတာပါ။
ဟူသီတွေဟာ ယီမင်နိုင်ငံရဲ့ မြို့တော် စာနာကနေ မိုင် ၁,၀၀၀ ကျော်ဝေးတဲ့ အစ္စရေးနိုင်ငံဆီ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ပြီး အဓိက သင်္ဘောလမ်းကြောင်းတွေပေါ်က ကုန်သင်္ဘောတွေကို တိုက်ခိုက်ကာ အစ္စရေးနဲ့ ဟားမတ်စ် ပဋိပက္ခထဲကို ဝင်ရောက်ခဲ့ပါတယ်။
ကုန်သေတ္တာတင်တဲ့သင်္ဘော အများအပြားဟာ ပင်လယ်နီထဲမှာ ကျောက်ချရပ်နားထားရပြီး တချို့က ခြေရာခံစနစ်တွေကို ပိတ်ထားရပါတယ်။
Source/Photo-Reuters