တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှုစတင်တို့ဟာ ဒီဇင်ဘာ ၁၉ ရက်က တရုတ်မြို့တော် ပေကျင်းမှာ တွေ့ဆုံခဲ့ပြီး စွမ်းအင်လုံခြုံရေးကို ပူးတွဲကာကွယ်ဖို့၊ ဘေးကင်းလုံခြုံပြီး တည်ငြိမ်တဲ့ စက်မှုကွင်းဆက်နဲ့ ထောက်ပံ့ရေးကွင်းဆက်ကို သေချာစေရေး နှစ်ဖက်စလုံးက သဘောတူခဲ့တယ်လို့ တရုတ် ရုပ်သံဌာန CCTV က ဖော်ပြပါတယ်။
လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေး၊ တရားမျှတမှုမရှိတဲ့ ပြိုင်ဆိုင်မှု ဆန့်ကျင်ရေးနဲ့ ကြော်ငြာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို တရုတ်နိုင်ငံ မြို့တော် ပေကျင်းကို ရုရှားဝန်ကြီးချုပ် မီရှုစတင်ရဲ့ နှစ်ရက်ကြာ ခရီးစဉ်ရဲ့ ပထမဆုံးနေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ တရုတ်ဈေးကွက် ထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။
မီရှုစတင်ဟာ သူ့ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း တွေ့ဖို့ စီစဉ်ထားတယ်လို့ ရုရှားအစိုးရက ဒီဇင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
Source/Photo-Reuters