ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တိုက်ပွဲအတွင်း Loikaw Local PDF Alpha (4) အမှတ် (၄) တပ်ရင်းက ရဲဘော် စတီဗင်(ခ) ဥက္ကာအောင်ဟာ ဒီဇင်ဘာ ၁၆ ရက်က ကျဆုံးသွားခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(Loikaw Local PDF) တပ်ရင်းက ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ရဲဘော် စတီဗင်(ခ)ဥက္ကာအောင် ဟာ လွိုင်ကော်မြို့နယ် ဒေါဥခူ အကျဥ်းထောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ရဲဘော်တဦးက “မကျခင် ရှေ့ရက် ညကင်းချိန်းတော့ အိပ်ခါနီး အကြည် အဆင်ပြေတယ်မလား။ တောင့်ခံထားပေးဦး၊ စိတ်ချမယ်နော် ဆိုပြီးမှာခဲ့တာ။ နားထဲ အထပ်အခါခါ ပြန်ကြားနေရတယ်။ တကယ်ကို စိတ်ချလက်ချထားသွားခဲ့တာဗျာ”လို့ ပြောပါတယ်။
ရဲဘော် စဗီဗင် (ခ)ဥက္ကာအောင်က စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း သေဆုံးခဲ့ရတဲ့အတွက် မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့မှာ နိုဝင်ဘာလ ၁၁ ရက်ကစပြီး ဒီနေ့အချိန်အထိ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးတာတွေ ရှိနေတဲ့အပြင် စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးကိုပစ်ခတ်ခဲ့ပါတယ်။