Home
နိုင်ငံတကာ
ဂျာမနီတွင် လယ်သမားထောင်ချီ ထွန်စက်များမောင်းနှင် ဆန္ဒပြ
DVB
·
December 19, 2023
farmers tractors Berlin protest_19122023

ဂျာမနီနိုင်ငံမှာ စိုက်ပျိုးရေးသုံး ဒီဇယ်ဆီထောက်ပံ့မှုကို ဖြတ်တောက်ပြီး လယ်ယာသုံးယာဉ်တွေအတွက် လမ်းခွန်ကောက်ခံဖို့ပါ စီစဉ်နေတာတွေကို ကန့်ကွက်ဆန္ဒပြဖို့ ဒေါသထွက်နေကြတဲ့ ဂျာမန်လယ်သမား ထောင်ပေါင်းများစွာဟာ ဒီဇင်ဘာ ၁၈ ရက်က ရာနဲ့ချီတဲ့ ထွန်စက်တွေကို ဘာလင်မြို့တော်အထိ မောင်းနှင် စီးနင်းလာကြပါတယ်။

ဂျာမနီအစိုးရဟာ လယ်သမားတွေနဲ့ ကားဝယ်ယူသူတွေကို တရားရုံးစီရင်ချက်နဲ့ အတင်းအကျပ် ဖြတ်တောက်ခံရမှုကို အကူအညီပေးဖို့ တောင်းဆိုမှုတွေကို ရင်ဆိုင်နေရတာပါ။

စိုက်ပျိုးရေးသုံး ဒီဇယ်အတွက် ထောက်ပံ့မှုတွေ အဆုံးသတ်ဖို့ ညွန့်ပေါင်းအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကြောင့် Green လွှတ်တော်အမတ်နဲ့ စိုက်ပျိုးရေးဝန်ကြီး ဂျမ် အော့ဇ်ဒေမီယာ အပြင် ဘဏ္ဍာရေးဝန်ကြီး ခရစ်စ်တီယန် လင်းဒါရဲ့ လုပ်ငန်းချင်း အဆင်ပြေကြတဲ့ လစ်ဘရယ်ပါတီမှ လွှတ်တော်အမတ်တွေက ဝေဖန်ကြပါတယ်။

ဘာလင်မြို့ ဆန္ဒပြပွဲမှာ လယ်သမားတွေက လယ်အများစုဟာ မိသားစုလုပ်ငန်းဖြစ်ပြီး တနိုင်တပိုင်လောက်သာ လုပ်ကိုင်ကြတာကြောင့် အပိုကုန်ကျစရိတ်တွေဟာ သူတို့ရဲ့ လုပ်ငန်းတွေကို ပိတ်ပစ်ဖို့ တွန်းပို့နေတယ်လို့ ပြောကြပါတယ်။

စိုက်ပျိုးရေးဝန်ကြီး အော့ဇ်ဒေမီယာက စိုက်ပျိုးရေးသုံး ဒီဇယ်အတွက် ထောက်ပံ့ငွေကို ထိန်းထားဖို့ တခုတည်းသောနည်းလမ်းက လယ်ယာတွေကို ပိတ်ပစ်ဖို့ပဲရှိတယ်လို့ အစောပိုင်းက ပြောကြားခဲ့ဖူးပါတယ်။

အတိုက်အခံ ကွန်ဆာဗေးတစ်တွေနဲ့ အဓိပတိ အိုလာ့ဖ် ရှို့လ်ဇ်ရဲ့ ဆိုရှယ်ဒီမိုကရက်တွေဟာ လျှပ်စစ်ကားအသစ် ဝယ်ယူသူတွေကို ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်ကို ကြိုတင်သတိပေးခြင်းမရှိဘဲ အဆုံးသတ်ပစ်လိုက်တဲ့ ဆုံးဖြတ်ချက်ကိုလည်း ဝေဖန်ခဲ့ကြပါတယ်။

အဲဒီလုပ်ရပ်ဟာ တရုတ်နဲ့ အမေရိကန် အပြိုင်အဆိုင်တွေနဲ့ ရုန်းကန်နေရတဲ့ ဂျာမန်ကားထုတ်လုပ်သူတွေကို ထိခိုက်စေမယ်လို့ ဝေဖန်သူတွေက ပြောဆိုနေကြပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024