Home
မြန်မာသတင်း
စစ်ကောင်စီ ဝန်ထမ်းခေါ်ယူသည့် ရေးဖြေစာမေးပွဲများ ပြည်နယ်နှင့်တိုင်း ၈ ခုတွင် မကျင်းပနိုင်
DVB
·
December 18, 2023
538822-DVB-News-730x365

မြန်မာပြည်တွင်း လတ်တလောအခြေအနေတွေအရ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတွေက  ဝန်ထမ်းခေါ်ယူတဲ့ ရေးဖြေစာမေးပွဲတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုမှာ ကျင်းပနိုင်ခြင်းမရှိဘူးလို့ စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီး ကြပ်စစ်ဆေးရေး ဦးစီးဌာနက ဒီဇင်ဘာ ၁၈ ရက် နေ့စွဲနဲ့ ဝန်ထမ်းခေါ်ယူမှုအတွက် လျှောက်လွှာမှာ ကြေညာထားတာပါ။ 

ဝန်ထမ်းတွေ ထပ်မံခေါ်ယူနိုင်ဖို့အတွက် ရေးဖြေစာမေးပွဲပြုလုပ်ဖို့ကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း/မြောက်(လားရှိုး)  အစရှိတဲ့ ပြည်နယ်တွေနဲ့ စစ်ကိုင်းတိုင်းနဲ့ တနင်္ဿာရီတိုင်းဒေသကြီး တို့မှာ ရေးဖြေကျင်းပနိုင်ခြင်း မရှိတာလည်း ဖြစ်ပါတယ်။ 

အဆိုပါ တိုင်းဒေသကြီး ပြည်နယ်တွေမှာ နေထိုင်သူတွေအနေနဲ့ လျှောက်လွှာတင်သွင်းချိန်မှာ ဖြေဆိုလိုတဲ့  စာစစ်ဌာနကို ထည့်သွင်း‌ဖော်ပြထားဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နေပြည်တော်နဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ရေး‌ဖြေစာမေးပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ 

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်‌ဆေးရေး ဦးစီးဌာနအနေနဲ့ ဝန်ထမ်း လစ်လပ်ဦးရေ ၁၀၀ အတွက် လျှောက်လွှာခေါ်ယူတာ ဖြစ်ပြီး ၂၀၂၄ ဇန်နဝါရီ ၁၂ ရက်ကို နောက်ဆုံးထားတင်သွင်းရမှာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024