ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကချီးမြှင့်မယ့် ၂၀၂၃ ခုနှစ်ရဲ့ အကောင်းဆုံးကစားသမားဆုအတွက် မက်ဆီ၊ အမ်ဘာပေနဲ့ ဟာလန်းတို့ အပြိုင်ဖြစ်နေပါတယ်။
ဖီဖာဟာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် ၁၂ ဦးကို ကြေညာခဲ့ပြီးနောက်မှာ နောက်ဆုံး ဆန်ခါတင်သုံးဦးကို ထုတ်ပြန်ခဲ့တာပါ။
မက်ဆီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က အကောင်းဆုံးကစားသမားဆုရရှိခဲ့ပြီး အခုနှစ်မှာလည်း နောက်ဆုံးအဆင့်အထိပါဝင်လာခဲ့တာပါ။
မက်ဆီဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ ပီအက်စ်ဂျီကိုလိဂ်ချန်ပီယံဖြစ်အောင် ကူညီနိုင်ခဲ့ပြီး အကောင်းဆုံးအသင်းမှာလည်း ပါဝင်ခဲ့သူပါ။
စီးတီးတိုက် စစ်မှူးဟာလန်းကတော့ တစ်ရာသီအတွင်း ဆုဖလားသုံးလုံး ရရှိအောင် စွမ်းဆောင်ခဲ့ရာမှာ ခြေစွမ်းပြခဲ့သူပါ။
အမ်ဘာပေဟာလည်း ပီအက်စ်ဂျီနဲ့အတူ လိဂ်ချန်ပီယံရရှိခဲ့ပြီး ပြင်သစ်လိဂ် အကောင်းဆုံးအသင်းမှာလည်း မက်ဆီနဲ့အတူ ပါဝင်ခဲ့သူပါ။
ဆုပေးပွဲကိုတော့ လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့ လန်ဒန်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
Photo - Reuters