ပရီးမီးယာလိဂ်သမိုင်းတလျှောက် ပထမဆုံး အမျိုးသမီးကွင်းလယ်ဒိုင်အဖြစ် လာမယ့် ဒီဇင်ဘာ ၂၃ ရက်မှာ ယှဉ်ပြိုင်ကစားမယ့် ဖူဟမ်နဲ့ ဘန်လေပွဲစဉ်ကို အမျိုးသမီးဒိုင်လူကြီး ရေဗက္ကာဝဲချ်က တာဝန်ယူ ကိုယ်တွယ်သွားဖို့ ရှိနေပါတယ်။
ရေဗက္ကာဝဲချ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း မန်ယူနဲ့ ဖူဟမ်ပွဲစဉ်မှာ စတုတ္ထဒိုင်လူကြီးအဖြစ် တာဝန်ယူပြီး မှတ်တမ်းတစ်ခုတင်ခဲ့ပါသေးတယ်။
အသက် ၄၀ အရွယ် ရေဗက္ကာဝဲချ်ဟာ ၂၀၁၀ပြည့်နှစ်က ဒိုင်လူကြီးတာဝန်စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တုန်းက EFL ပွဲစဉ်တစ်ခုကိုလည်း ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူပြီး မှတ်တမ်းတင်ခဲ့ ပါသေးတယ်။
ဒါ့အပြင် လာမယ့် ဒီဇင်ဘာ ၂၆ ရက်မှာကစားမယ့် ရှက်ဖီးယူနိုက်တက်နဲ့ လူတန်အသင်းတို့ ပွဲစဉ်ကို ဆမ်အလစ်ဆန်က တာဝန်ယူသွားမှာဖြစ်ပြီး ၁၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် လူမည်း ကွင်းလယ်ဒိုင်လူကြီးတစ်ဦးက ကိုင်တွယ်ခွင့်ရမှာ ဖြစ်ပါတယ်။
Photo - Reuters