ထောက်လှမ်းရေးဂြိုဟ်တု ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့မှု အသစ် ချမှတ်ရာမှာ ရုရှားကကူညီသင့်တယ်လို့ တောင်ကိုရီးယား အကြီးတန်း ဝန်ကြီးတယောက်က ဒီဇင်ဘာ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။
အရင်လက မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုလွှတ်တင်မှုဟာ ပဲ့ထိန်းဒုံးကျည်နည်းပညာကို မသုံးဖို့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်ပေမဲ့ ရုရှားဟာ မြောက်ကိုရီးယားအပေါ် နောက်ထပ်ဒဏ်ခတ်ဖို့ အင်မတန် မသိကျိုးကျွံပြုနေတယ်လို့ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးတာဝန်ခံ၊ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ကင်မ်ယွန်းဟိုက ပြောပါတယ်။
ကိုရီးယားကျွန်းဆွယ်နဲ့ ဒေသအတွင်း ငြိမ်းချမ်းရေးကို ပိုတိုးဆောင်ကြဉ်းဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပိုမိုလုပ်ဆောင်ဖို့ တရုတ်အစိုးရကိုလည်း ဝန်ကြီး ကင်မ်က တိုက်တွန်းပါတယ်။
လတ်တလော မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့သမီး ကင်မ်ဂျူအေး လူထုကြားထွက်လာတဲ့ အရေအတွက် ပိုတိုးလာနေတာဟာ အနာဂတ်မှာ ဆက်ခံရေးအတွက် အခြေခံမူဘောင်ချဖို့ရည်မှန်းထားတာ ဖြစ်နိုင်တယ်လို့လည်း တောင်ကိုရီးယားဝန်ကြီးက သုံးသပ် ပြောပါတယ်။
Source/Photo - Reuters