အင်ဒိုနီးရှားနိုင်ငံက မာရာပီမီးတောင်ဟာ ဒီဇင်ဘာ ၁၃ ရက်က ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာတွေဟာ လေထဲမှာ ပေ ၁၆၀၀ လောက်ကနေ ပေ ၂၀၀၀ လောက်အထိ မြင့် တက်သွားခဲ့တယ်လို့ နိုင်ငံရဲ့ မီးတောင်အေဂျင်စီက ပြောပါတယ်။
အနောက်ဆူမားတြားဒေသက မီးတောင်ရဲ့အထက်မှာ မီးခိုးရောင်ပြာတိမ်တိုက်ကြီး ထူထပ်နေပုံကို မျက်မြင်သက်သေတစ်ဦးက ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
မီရာပီ မီးတောင်နဲ့ အနီးဆုံးကျေးရွာတွေက ဒေသခံတွေကတော့ နေ့စဉ် လုပ်ငန်းဆောင်တာတွေ ပါဝင်ဆောင်ရွက်နေတာကို တွေ့မြင်နေရဆဲပါ။
အင်ဒိုနီးရှား မီးတောင်အေဂျင်စီအကြီးအကဲ ဟန်ဒရာဂူနာဝမ်က ဗုဒ္ဓဟူးနေ့မှာ ပြာတွေ မှုတ်ထုတ်တာ အတော်လေး နည်းတယ်လို့ ပြောခဲ့ပါတယ်။
လူ ၂၃ ဦး သေဆုံးခဲ့တဲ့ အရင်အပတ်က မီးတောင်ပေါက်ကွဲမှုအပြီး အခုလို နောက်တစ်ကြိမ် မီးတောင်ပေါက်ကွဲခဲ့တာပါ။ အမြင့် ၉၄၈၄ ဒသမ ၉၁ ပေ မြင့်တဲ့ မာရာပီမီးတောင်ဟာ အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းရဲ့ အတက်ကြွဆုံး မီးတောင်တွေထဲက တစ်ခုပါ။
အင်ဒိုနီးရှားနိုင်ငံဟာ လှုပ်ရှားနေတဲ့ မီးတောင်ပေါင်း ၁၀၀ ကျော်ရှိတဲ့ ပစိဖိတ်မီးကွင်းကြီးလို့ ခေါ်တဲ့ ကမ္ဘာကျောက်လွှာချပ်ကြီးတွေ စုဆုံရာ နေရာမှာရှိနေလို့ ငလျင်လည်း မကြာခဏ လှုပ်ခတ်လေ့ရှိပါတယ်။
Source/Photo - Reuters