Home
နိုင်ငံတကာ
တရုတ်သမ္မတ၏ ဗီယက်နမ်ခရီးစဉ်အတွင်း သဘောတူစာချုပ် ဒါဇင်ပေါင်းများစွာ လက်မှတ်ထိုး
DVB
·
December 14, 2023
Chinese President Xi Jinping attends a lay wreath ceremony at the Ho Chi Minh mausoleum during a two day state visit to Hanoi

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဗီယက်နမ်ခရီးစဉ် ဒုတိယနဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၃ရက်မှာ တရုတ်နဲ့  ဗီယက်နမ် နှစ်နိုင်ငံ ခေါင်းဆောင်တွေ မြို့တော်ဟနွိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေဖို့နဲ့ မျှဝေထားတဲ့ အနာဂတ် လူ့အသိုင်းအဝိုင်းရဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ရေး သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ဂုဏ်ပြုခဲ့ကြပါတယ်။

ရှီက ဗီယက်နမ်ဝန်ကြီးချုပ် ဖှမ်မင်ချင်နဲ့ သမ္မတ ဗိုဗန်ထွန်တို့နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ဖို့ မဟာဗျူဟာ မြောက် 'တရုတ်-ဗီယက်နမ်အသိုက်အဝန်း' ကို ထူထောင်ကြောင်း ကြေညာခဲ့ပါတယ်။

ရှီရဲ့ ဒီနှစ်အတွင်း ဗီယက်နမ်ကို ပထမဆုံး ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ဒါဇင်ပေါင်းများစွာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

သဘောတူညီချက်တွေဟာ ဗီယက်နမ်ရဲ့ သံခင်းတမန်ခင်းအတွက် အောင်မြင်မှုတရပ် ဖြစ်ပြီး ဆက်ဆံရေးမှာ တိုးတက်မှုဆိုတာဟာ လက်တွေ့ အစစ်အမှန်ထက်စာရင် အထိမ်းအမှတ်ပုံစံ ပိုဖြစ်နိုင်တယ်လို့  လေ့လာသုံးသပ်သူတွေနဲ့ သံတမန်တွေက ပြောနေကြပါတယ်။

ဗီယက်နမ်ဟာ ကွန်မြူနစ်စနစ်နဲ့ အုပ်ချုပ်တဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး  စီးပွားရေးနယ်ပယ်မှာ ရင်းနှီးပေမဲ့ တောင်တရုတ်ပင်လယ်အရေးမှာတော့ ဆန့်ကျင်ဘက်ဖြစ်နေလို့ ဆက်ဆံရေးကို အကောင်းဆုံး ဖော်ပြဖို့ လပေါင်းများစွာ ဆွေးနွေးခဲ့ရတာပါ၊ တရုတ်နဲ့ အမေရိကန်တို့က မဟာဗျူဟာကျတဲ့ ဗီယက်နမ်မှာ သြဇာလွှမ်းမိုးနိုင်ဖို့ ပြိုင်ဆိုင်နေကြပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024