စပိန်နဲ့ မန်ယူဂိုးသမားဟောင်း ဒေးဗစ်ဒီဂီယာဟာ မြက်ခင်းစိမ်းတွေဆီ ပြန်လာဖို့ အပြင်းအထန် လေ့ကျင့်နေပါတယ်။
မန်ယူအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေဆဲ ဒီဂီယာဟာ ဘောလုံး လေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေပြီး အဲဒီအကြောင်းကို ဆိုရှယ်မီဒီယာကနေ အသိပေးခဲ့ပါတယ်။
အသက် ၃၃ နှစ်ရှိ စပိန်ဂိုးသမားကို နယူးကာဆယ်အသင်းက ခေါ်ယူဖို့ သတင်းထွက်နေပေမဲ့ အသင်းဘက်ကတော့ ငြင်းဆန်ထားတာပါ။
ကာဆယ်အသင်းမှာ ဂိုးသမား နစ်ပုတ်က ပခုံးဒဏ်ရာကြောင့် ကာလရှည်အနားယူရမှာဖြစ်ပြီး ဒီဂီယာနဲ့ အစားထိုးသွားဖို့ နယူးကာဆယ်အသင်းက ဆန္ဒရှိနေပါတယ်။
Photo - Reuters