ဂျာမနီလက်ရွေးစင်အသင်းမှာ ပြန်ကစားပေးဖို့ ရီးရဲလ်နောက်ခံလူ ရူဒီဂါက တိုနီခရူးစ်ကို တောင်းဆိုလိုက်ပါတယ်။
ခရူးစ်ဟာ ၂၀၂၀ ယူရိုပြိုင်ပွဲအပြီးမှာ နိုင်ငံအသင်းကနေ အနားယူခဲ့တာပါ။ ဂျာမနီအသင်းဟာ လာမယ့် ယူရို ၂၀၂၄ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး တိုနီခရူးစ်ကို ပြန်ကစားဖို့ ရူဒီဂါက တိုက်တွန်းခဲ့တာပါ။
ခရူးစ်ကို ဂျာမနီအသင်းမှာ ပြန်ကစားဖို့ လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်းပြောဆိုကြောင်း ရီးရဲလ်နောက်ခံလူရူဒီဂါက ပြောပါတယ်။
ခရူးစ်လို ထိပ်တန်း အဆင့်ခြေစွမ်းရှိနေဆဲက စားသမားဟာ ဂျာမနီအသင်းမှာ ဆက်ရှိနေသင့်ကြောင်း၊ နိုင်ငံအသင်းမှာလည်း အတူတွဲဖက်ကစားချင်ပေမဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်က အဓိကဖြစ်ကြောင်း နောက်ခံလူ ရူဒီဂါက ပြောသွားပါတယ်။
Photo - Reuters