မန်ယူအသင်းဟာ နည်းပြတန်ဟတ်ဂ်ကို ထုတ်ပယ်ဖြစ်ပါက လိုပက်တီဂူနဲ့ အစားထိုးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
စပိန်သတင်းစာ ရယ်လီဗိုရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ တန်ဟတ်ဂ်နေရာအတွက် ရီးရဲလ်၊ ဆီဗီလာနဲ့ ဝုဗ်နည်းပြဟောင်း လိုပယ်တီဂူကို မျက်စိကျနေတယ်လို့ ဆိုပါတယ်။
စပိန်နည်းပြဟာ ဆော်ဒီကလပ်အသင်းတစ်သင်းရဲ့ တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်းခွဲတန် ကမ်းလှမ်းချက်ကို ပယ်ချထားခဲ့ပေမဲ့ မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ရရှိမယ် ဆိုရင် လက်ခံစဉ်းစားနိုင်ကြောင်း သိရပါတယ်။
စပိန်နည်းပြဟာ ၂၀၁၉-၂၀၂၀ ရာသီက ဆီဗီလာနဲ့ အတူ ယူရိုပါလိဂ်ချန်ပီယံဆုဖလားရယူနိုင်ခဲ့ပြီး ဝုဗ်အသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
Photo - Reuters