ဥရောပနိုင်ငံတွေကို ဖြန့်ဖြူးမယ့် အေးခဲထားတဲ့ တူနာငါးတွေထဲမှာ ဝှက်ထားတဲ့ တောင်အမေရိက ကနေ မှောင်ခိုသွင်းလာတဲ့ ကိုကင်း စုစုပေါင်း ၇ တန်ခွဲကို စပိန်အနောက်မြောက်ဘက်က ဗီဂို ဆိပ်ကမ်းမှာ သိမ်းဆည်းရမိခဲ့တယ်လို့ စပိန်ရဲတပ်ဖွဲ့ က ဒီဇင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
ဒါဟာ အတ္တလန္တိတ်ကမ်းရိုးတန်းဒေသမှာ စပိန်နိုင်ငံအတွင်း အရှည်ဆုံး ကမ်းရိုးတန်းရှိရာ ဂလက်စီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ သမိုင်းမှာ မူးယစ်ဆေးတွေကို ပမာဏ အများဆုံး သိမ်းဆည်းရမိမှု ဖြစ်ပါတယ်။
စပိန်နိုင်ငံအတွင်း မူးယစ်ဆေးဝါးတွေကို ဒီကမ်းရိုးတန်းမှာ ဆယ်စုနှစ်ချီ မှောင်ခိုကူး နေခဲ့ကြတာပါ။ ဒုတိယမြောက် စစ်ဆင်ရေးအတွင်း ရဲတွေဟာ ဗလန်စီယာဒေသ အရှေ့ဘက် ဆိပ်ကမ်းမှာ သင်္ဘောတင်မယ့် ကုန်သေတ္တာတွေထဲမှာ ဝှက်ထားတဲ့ ကိုကင်း ၃ တန်ခွဲကို တွေ့ခဲ့ကြပါတယ်။
ဒီအတွက် ဘောလ်ကန်ဒေသ ဇာတိဖြစ်တဲ့ အဖွဲ့အစည်းနှစ်ခုက စုစုပေါင်း လူ အယောက် ၂၀ကို ဖမ်းဆီးထားပြီလို့ ရဲက ပြောပါတယ်။ ဒါဟာ ဥရောပမှာ ဩဇာအကြီးဆုံး မူးယစ်ဖြန့်ဖြူးရေး ကွန်ရက်တွေထဲက တခုအတွက် အကြီးစားထိုးနှက်မှုလို့ ရဲတွေက ရည်ညွှန်း ပြောဆိုထားပါတယ်။
Source/Photo - Reuters