Home
နိုင်ငံတကာ
ဂါဇာဒေသသို့ ကယ်ဆယ်ရေးယာဉ်များ ဝင်ရောက်
DVB
·
December 13, 2023
Palestinian police officers walk at the commercial crossing of Kerem Shalom, as Israel ends a ban on exports from Gaza, in Rafah

ပါလက်စတိုင်းတွေနဲ့ အစ္စရေးအစိုးရရဲ့ အရပ်ဘက်ညှိနှိုင်းရေးအေဂျင်စီ (COGAT) ဟာ ကဲရမ်ရှာလွန်မ်နယ်စပ်ဂိတ်မှာ ကယ်ဆယ်ရေးထရပ်ကားတွေကို စစ်ဆေးခဲ့ပြီး ဂါဇာဒေသကို ကယ်ဆယ်ရေးယာဉ် ၁၉၇ စီး ဝင်လာပြီဖြစ်ကြောင်း ပြောပါတယ်။ 

အဲဒီထရပ်ကားတွေထဲက ၁၁၇ စီးကို နစ်တ်ဇာနာ မှာ စစ်ဆေးခဲ့ပြီး ကဲရမ်ရှာလွန်မ်မှာ အစီး ၈၀ ကို စစ်ဆေးခဲ့ကြောင်း COGAT အေဂျင်စီက ပြောပါတယ်။

ကဲရမ်ရှာလွန်မ် ဂိတ်မှာ ဂါဇာကမ်းမြောင်ဒေသအတွက် အကူအညီပစ္စည်းတွေကို စစ်ဆေးရေး လုပ်ငန်းစဉ်အသစ်ကို စမ်းသပ်လုပ်ဆောင်နေကြောင်း၊ ဒါပေမဲ့ ကုန်တင်ယာဉ်တွေ ဖြတ်ကျော် ဝင်ရောက်ဖို့ ခွင့်ပြုချက်ရရှိအောင် ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ အကြီးတန်းအရာရှိတဦးက စနေနေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

စနစ်သစ်အရ ရာဖာ နယ်စပ်ဂိတ်ကနေ ဂါဇာကို မဝင်လာသေးခင် ဂျော်ဒန်နိုင်ငံမှ ပထမဆုံးအကြိမ် အစ္စရေး၊ ဂါဇာနဲ့ အီဂျစ် တို့အကြားရှိ နယ်စပ်ပေါ်က ကဲရမ်ရှာလွန်မ် ဂိတ်ကို ထရပ်ကားတွေ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024