ဒီဇင်ဘာ ၁၃ ရက် ဒီနေ့ ကျရောက်တဲ့ ၂၇၆၃ နှစ်ပြည့် ကယန်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲကို ထိုင်း-ကရင်နီနယ်စပ် ထိုင်းနိုင်ငံ မယ်ဟောင်ဆာင်မြို့နယ် နန်းစွယ်ကျေးရွာမှာ ကျင်းပပါတယ်။
ယင်းပွဲအခမ်းအနားကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူဦးရယ်၊ ကယန်းအမျိုးသားညီညွတ်ရေး ဦးဆောင်ကော်မတီ နာယက ခွန်းမားရ်ကိုဘန်၊ ပအို့ဝ်အမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ နန်းဆွယ်ကျေးရွာ ဥက္ကဋ္ဌ အပါအဝင် ပြည်သူလူထု ၃၀၀ ကျော် တက်ရောက်လာပါတယ်။
အခမ်းအနားမှာ ကယန်းအမျိုးသားအလံတော် လွှင့်ထူအလေးပြုတာ၊ ကယန်းနှစ်သစ်ကူး ဖြစ်ပေါ်လာပုံသမိုင်း ဖတ်ကြားတာ၊ ကယန်း အရပ်ဘက်အဖွဲ့အစည်းတွေ ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားတာနဲ့ ကယန်းရိုးရာ အကနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။