ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒီဇင်ဘာ ၁၂ ရက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ် ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တွေမြို့နယ် ပါဒလိတ်အခြေစိုက် ခလရ ၂၃၂ ၊ ၃၄၄ တပ်ရင်းတွေက မနေ့ည ၈ နာရီလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာက ဦးမောင်ခင်သန်းရဲ့ နေအိမ်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးကာ ကလေးငယ် ၂ ယောက်ဒဏ်ရာရရှိခဲ့တာလို့ ရွာသားတယောက်က ပြောပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ပုန်းခိုတွင်းထဲမှာ ပုန်းအောင်းနေတဲ့ ဦမောင်ခင်သန်း ဒေါ်ဘုမေတို့ရဲ့ အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူ မအေးအေးခင်နဲ့ အသက် ၆ နှစ်အရွယ် သမီးငယ်တို့ ၂ ယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတွေကို ပါဒလိတ်အခြေစိုက်တပ်ရင်းတွေက လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့တာမှာ လက်နက်ကြီးကျည်တွေဟာ စပါးထားကျေးရွာမှာ ၂ လုံး၊ ကွန်းတောင်ကျေးရွာ ဘူတာနားနဲ့ နေကြာပန်းကဏန်းဒိုင်နားမှာ ၂ လုံး၊ ပဒေသာရွာဟောင်းနားမှာ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။