စပါးနောက်ခံလူ အူဒိုဂီဟာ ပရီးမီးယားလိဂ်မှာ ၃ လကြာ ကစားအပြီးမှာပဲ အသင်းနဲ့ ၆ နှစ်ခွဲ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အသက် ၂၁ နှစ်ရှိ အီတလီလက်ရွေးစင် ဘယ်နောက်ခံလူဟာ မနှစ်ကရာသီက အီတလီကလပ် အူဒီးနိစ်အသင်းမှာ အငှားထွက်ကစားခဲ့ပြီး ဒီရာသီမှာ စပါးအတွက် ပထမဆုံးအကြိမ် ကစားခွင့်ရရှိခဲ့တာပါ။
၂၀၂၂ ခုနှစ်က အူဒီးနိစ်ကနေ ပေါင် ၁၅ သန်းနဲ့ ဝယ်ယူခဲ့သူ အူဒိုဂီဟာ စပါးမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် အသင်းဘက်က အလျင်အမြန်သက်တမ်းတိုးခဲ့တာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အထိ အသင်းမှာ ဆက်ရှိသွားတော့မှာပါ။
သက်တမ်းတိုးနိုင်ခဲ့တဲ့အပေါ် ပျော်ရွှင်ကျေနပ်မိပြီး အသင်းမှာ ကစားရတာ အလွန်ပျော်ရွှင် ကျေနပ်စရာကောင်းကြောင်း အူဒိုဂီက ပြောပါတယ်။
သူဟာ နယူးကာဆယ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ အသင်းအတွက် ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
Source/Photo - Reuters