Home
နိုင်ငံတကာ
သင်္ဘောကုမ္ပဏီများ အစ္စရေးနှင့်  ပူးပေါင်းဆောင်ရွက်မှု မလုပ်ရန် ဟူသီသူပုန် သတိပေး
DVB
·
December 10, 2023
huthi 10122023

သင်္ဘောကုမ္ပဏီတွေ အားလုံးကို အစ္စရေးနဲ့ ပူးပေါင်းဆောင်ရွက်တာ မလုပ်ကြဖို့ ယီမင်နိုင်ငံ အခြေစိုက် ဟူသီသူပုန်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီက ဒီဇင်ဘာ ၉ ရက်မှာ သတိပေးခဲ့ပါတယ်။

အစ္စရေးနဲ့ပတ်သက်တဲ့ သင်္ဘောတွေဟာ ပင်လယ်နီမှာ တိုက်ခိုက်မယ့် ပစ်မှတ်ပဲလို့လည်း ဟူသီ တွေက သတိပေးခဲ့ ပါတယ်။

ဂါဇာကမ်းမြောင်က လိုအပ်တဲ့ အစားအစာနဲ့ ဆေးဝါးတွေ မရရင် အစ္စရေးဆီ သင်္ဘောတွေ အားလုံး ဖြတ်သန်းသွားလာတာကို တားမြစ်တယ်လို့ ဆာရီက ကြေညာခဲ့ ပါတယ်။

ပါလက်စတိုင်းတွေကို ထောက်ပံ့ဖို့ ရည်ရွယ်တဲ့ စစ်ဆင်ရေးတစ်ခုမှာ အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီတွေက အစ္စရေးနဲ့ ပင်လယ်နီထဲက သင်္ဘောတွေကို ပစ်ခတ်နေတာပါ။  အမေရိကန် စစ်သင်္ဘောတွေက ဟူသီတို့ရဲ့ ဒုံးကျည်အများအပြားကို ပစ်ချခဲ့ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024