Home
မြန်မာသတင်း
ကျောက်ဖြူဒေသခံ ၁ ဦးကို  စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
December 10, 2023
kyauk 10122023

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ဒီဇင်ဘာ ၈ ရက် ည ၈ နာရီလောက်က အမျိုးသားတယောက်ကို ရက္ခိုင့်တပ်တော် (အေအေ)နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က  ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ သူကတော့ ကျောက်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်က အသက် ၃၆ နှစ်အရွယ် ကိုစောရန်နိုင်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၆ ယောက်လောက်က ကားနဲ့ လာရောက် ဖမ်းဆီးသွားကြတာလို့ ကျောက်ဖြူမြို့ ခံက ပြောပါတယ်။

တောင်ကုတ်နဲ့ ကျောက်ဖြူမြို့နယ်တွေမှာ ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာလည်း ဒေသခံပြည်သူ ၃ ယောက်ကို  ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၁၀၀ ကျော်လောက်ကို အေအေနဲ့ ဆက်စပ်တယ်လို့ သံသယနဲ့ ဖမ်းဆီးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024