ကာစီနိုလောင်းကစားလုပ်ငန်းတွေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ အများစုရှိနေတဲ့ ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို ဖော်ဆောင်ရာမှာ အဓိက ပါဝင်တဲ့ နယ်ခြားစောင့်တပ် BGF ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် လူပုဂ္ဂိုလ် ၃ ယောက်ကို ဗြိတိန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန်ပါ တယ်။
ဒီဇင်ဘာ ၁၀ ရက်မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို စတင် အတည်ပြုတဲ့ ၇၅ နှစ် ပြည့် အထိမ်းအမှတ်အနေနဲ့ အခုလို ကနဦးဒဏ်ခတ်ပိတ်ဆို့ အ ရေးယူလိုက်တာပါ။
ဒီဇင်ဘာ ၈ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ အပေါ် ပိတ်ဆို့ကန့်သတ်အရေးယူမှုတွေထဲမှာ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတွေ မှာ ပေါ်ပေါက်ခဲ့တဲ့ လူကုန်ကူးမှုတွေထဲ ပါဝင်ပတ်သက်နေသူတွေကို ထည့်သွင်းထားပြီး အခု ပထမအသုတ်မှာတော့ လူပုဂ္ဂိုလ် ၉ ယောက်နဲ့ လုပ်ငန်းကုမ္ပဏီ ၅ ခုကို ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားတယ်လို့ ဆိုပါတယ်။
ဒီစာရင်းထဲမှာတော့ ဗိုလ်မှူးကြီး စောချစ်သူနဲ့ သူဦးဆောင်တဲ့ ချစ်လင်းမြိုင်ကုမ္ပဏီက ဒါ ရိုက်တာဖြစ်တဲ့ စောမင်းမင်းဦးအပြင် တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင် ရှီဇီကျန်း လည်း ပါဝင်နေပါတယ်။
လတ်တလော ဗြိတိန်နိုင်ငံရဲ့ ပိတ်ဆို့အရေးယူမှုမှာတော့ မြန်မာနဲ့ လာအိုက ရာဇ၀တ်မှု ဇုန် ၂ ခုအပေါ် အဓိကအာရုံစိုက်ထားပြီး ကုလသမဂ္ဂရဲ့ အခုနှစ်အစောပိုင်းအထိ ခန့်မှန်းချက်အရ ဒေသတွင်း လူကုန်ကူးခံရသူ ပေါင်း ၂ သိန်းကျော်ထိ ရှိနေပြီး မြန်မာနိုင်ငံ တခုတည်းမှာတင် အဲဒီလို ကျူးလွန်ခံရသူ ပေါင်း ၁၂၀၀၀၀ အနည်းဆုံးရှိနိုင်တယ်လို့ ဆိုပါတယ်။