Home
မြန်မာသတင်း
တောင်ကုတ်နှင့် ကျောက်ဖြူတွင် ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
December 9, 2023
taung 9122023

ရခိုင်ပြည်နယ် တောင်ကုတ်နဲ့ ကျောက်ဖြူမြို့နယ်တွေမှာ ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေက ဒေသခံပြည်သူ ၃ ယောက်ကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။

တောင်ကုတ်မြို့ သဇင်အပေါင်ဆိုင်ပိုင်ရှင် အသက် ၃၀ ကျော်အရွယ် ဦးအေးချမ်းကို ဒီဇင်ဘာ ၆ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး လာရောက်ဖမ်းဆီးသွားကြတယ်လို့ တောင်ကုတ်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ချောင်းကောက်ရပ်ကွက်က အသက် ၄၀ အရွယ် ဦးအောင်အောင်ကိုလည်း ဒီဇင်ဘာ ၇ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲကာ ဖမ်းခေါ်သွားကြတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့ စေတီယျရပ်ကွက်က အသက် ၃၄ နှစ်အရွယ် ဦးနိုင်ဝင်းကိုလည်း ဒီဇင်ဘာ ၆ ရက် ည ၈ နာရီလောက်မှာ စစ်ကောင်စီတပ်သား အင်အား ၂၀ လောက်က ULA/AA နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ကျောက်ဖြူမြို့ ဒေသခံတယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၁၀၀ ကျော်လောက်ကို အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုနဲ့ ဖမ်းဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024