Home
မြန်မာသတင်း
တမူးတွင် စစ်ကောင်စီတပ်က ပြည်သူနေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီး
DVB
·
December 7, 2023
Ta Mu Fired by SAC_07122023

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့အနီး ထန်းတပင်ကျေးရွာက အိမ်ခြေ ၂၀၀ ကျော်ကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၃ ရက်နဲ့ ၄ ရက် နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ အင်အား ၂၀၀ လောက်ဟာ တမူးမြို့က‌နေ ထန်းတပင်ကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ထန်းတပင်ရွာက ဒေသခံ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

တမူးမြို့နယ် ဒေသခံတဦးက “ဒေသခံတွေကတော့ ရွာမှာမနေတာ ကြာပြီ။ စစ်တပ်က မီးရှို့သွားတာ အိမ်ခြေအတိအကျတော့ မရေရသေးဘူး။ မီးရှို့ခံရတဲ့ အိမ်ခြေက ၂၁၀ နဲ့ ၂၃၀ ကြားရှိတယ်” လို့ ပြောပါတယ်။

အဆိုပါ ထန်းတပင်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁,၅၀၀ ဝန်းကျင် နေထိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီ ထန်းတပင်ကျေးရွာဟာ တမူးမြို့နဲ့ ၄ မိုင်သာကွာဝေးပြီး ကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024