၂၀၂၅ ခုနှစ်ကစပြီး အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲ ၁၀၀ နီးပါးကို Sky sports အနေနဲ့ ပြသခွင့်ရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
စနေနေ့ညနေ ၃ နာရီပွဲချိန်တွေကလွဲလို့ ကျန်တဲ့ပွဲစဉ်တွေ အားလုံးကို ဗြိတိန်မှာ ပထမဆုံးအကြိမ် ထုတ်လွှင့်ပြသသွားမှာလို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
Sky Sports အနေနဲ့ ၂၀၂၅-၂၆ ခုနှစ်ရာသီကနေ ၂၀၂၈-၂၉ ရာသီအထိ တရာသီကို အနည်းဆုံး ၂၁၅ ပွဲ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး TNT sports ကနေ အဲ့ဒီကာလတွေအတွင်းမှာ တရာသီကို ၅၂ ပွဲစီ ပြသသွားမှာဖြစ်ပါတယ်။
ဒီသဘောတူညီမှုဟာ လေးနှစ်တာကာလအတွင်း ဝင်ငွေ ပေါင် ၆ ဒသမ ၇ ဘီလီယံ ရရှိနိုင်လိမ့်မယ်လို့ ပရီးမီးယားလိဂ်က ထုတ်ပြန်ချက်မှာ ရေးသားထားပြီး ဒါဟာ အရင်လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်နဲ့ နှိုင်းယှဉ်ရင် တိုက်ရိုက်ပြသခွင့်ကနေ ၄ ရာခိုင်နှုန်း ပိုတိုးလာတာလို့ ထည့်သွင်း ဖော်ပြထားပါတယ်။=
Sky Sports ကနေ ၂၀၁၈ ခုနှစ်တုန်းက ၃ နှစ်တာအတွက် တရာသီကို ၁၂၈ ပွဲ ပြသခွင့်အတွက် ၃ ဒသမ ၆ ဘီလီယံပေါင် ပေးချေခဲ့ပြီး ၂၀၂၁ ခုနှစ်တုန်းက လေလံလုပ်ငန်းစဉ်မရှိဘဲ သက်တမ်းတိုးခဲ့ပါတယ်။
BT နဲ့ Warner Bros Discovery တို့ရဲ့ ဖက်စပ်လုပ်ငန်းဖြစ်တဲ့ Sky နဲ့ TNT တို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကြည့်ရှုသူ ပိုမိုတိုးလာဖို့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချတ် မာစတာစ်က ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters