Home
နိုင်ငံတကာ
ဖိလစ်ပိုင်တွင် ဘတ်စ်ကား ချောက်ထဲကျပြီး အနည်းဆုံး လူ ၁၆ ဦးသေဆုံး
DVB
·
December 6, 2023
Injured people lie on the ground next to the wreckage of a bus that fell off a cliff in Antique Province

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းရှိ အန်တီကဲပြည်နယ်မှာ လူဒါဇင်ပေါင်းများစွာကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီး ဘရိတ်ပေါက်ပြီး ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျခဲ့လို့ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ဒီဇင်ဘာ ၆ ရက်မှာ ပြောပါတယ်။

ယာဉ်တိမ်းမှောက်မှုအပြီး ချောက်ကမ်းပါးအောက်ဘက်မှာ ပျက်ကျနေတဲ့ ဘတ်စ်ကားဘေးမှာ ဒေသခံတွေက ဒဏ်ရာရရှိသူတွေကို ကူညီပေးနေကြတာကို မျက်မြင်တွေ့ရှိသူတွေက ဗီဒီယိုတွေ ရိုက်ကူးထားကြပါတယ်။

ဆေးရုံတွေကို ပို့ဆောင်ထားတဲ့အထဲက လူ ၈ ဦးဟာ အခြေအနေ စိုးရိမ်ရပေမဲ့ ၄ ဦးကတော့ အခြေအနေ တည်ငြိမ်နေကြောင်း အာဏာပိုင်တွေက ဒေသဆိုင်ရာ မီဒီယာကို ပြောကြားခဲ့ပါတယ်။

ပြည်တွင်းမီဒီယာတွေမှာ အစောပိုင်းက ဖော်ပြခဲ့တဲ့ ၂၈ ဦးထက် အရေအတွက် လျော့နည်းကြောင်း အတည်ပြုခဲ့ပါတယ်။

အီလွိုင်းလိုပြည်နယ်က ခရီးသည်တင်ဘတ်စ်ကားတစီးဟာ ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းက ရှေးဟောင်းမြို့ဖြစ်တဲ့ ကုလာစီမြို့ကို ထွက်ခွာလာခဲ့တာဖြစ်ပြီး အကွေ့အကောက်များတဲ့ လမ်းပေါ်မှာ ဘရိတ်တွေ ချွတ်ယွင်းပြီးတော့ မီတာ ၃၀ အမြင့်ရှိတဲ့ ချောက်ထဲကို ထိုးကျသွားခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အဆင်းဖြစ်ပွားရာ ဆိုက်ပေါ်ရှိ မြင်နေရတဲ့ ရုပ်အလောင်းအားလုံးကို ဆွဲထုတ်ရယူခဲ့ပြီးနောက်မှာ ပြန်လည်ရယူခြင်းလုပ်ငန်းတွေကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း အန်တစ်ကဲခရိုင်အစိုးရက ဖေ့စ်ဘွတ်ခ်မှာ ပြောပါတယ်။

ခရီးသည် စုစုပေါင်း ၅၃ ဦး ရှိတယ်လို့ ခန့်မှန်းထားပေမဲ့လည်း အတည်မပြုနိုင်သေးကြောင်း ထပ်ဖြည့်ပြောကြားထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024