စပါးအသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့တဲ့ ကစားသမားတွေ မမှားယွင်းကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးအသင်းဟာ အဲဒီဖြစ်ရပ်အတွက် ကစားသမားတွေကို ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ဘူးလို့ အက်ဖ်အေက သတ်မှတ်ပြီး အရေးယူခံရတော့မှာပါ။
နည်းပြ ဂွါဒီယိုလာကတော့ အဲဒီလိုအခြေအနေမှာ ပရီးယားလိဂ် တာဝန်ရှိသူတွေအပါအဝင် ဘယ်သူမဆို အဲဒီလိုပဲ တုံ့ပြန်မိကြမှာဖြစ်ပြီး လူသားတိုင်းရဲ့ အလိုအလျောက်တုံ့ပြန်မှုဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ဒါ့အပြင် ကစားသမားတွေရဲ့ တုံ့ပြန်ပုံကို နားလည်လက်ခံပြီး သူတို့ မမှားကြောင်း ဆက်ပြီး ပြောသွားပါတယ်။
မန်စီးတီးအသင်းဟာ ဒီကနေ့ညမှာ အက်စ်တန်ဗီလာအသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
Photo - Reuters