တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိဟာ တရုတ်မြို့တော် ပေကျင်းမြို့မှာရှိတဲ့ အမေရိကန်သံရုံးကို ရောက်လာပြီး အရင်အပတ်ကသေဆုံးခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာအတွက် ဝမ်းနည်းကြောင်း မှတ်တမ်းမှာ ဒီဇင်ဘာ ၅ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ကစ်ဆင်ဂျာဟာ တရုတ်နိုင်ငံဆီ အကြိမ် ၁၀၀ ကျော် လာရောက်လည်ပတ်ခဲ့ပြီး ဇူလိုင်လမှာ ပေကျင်းမြို့တော်ဆီလာတဲ့ အံ့အားသင့်ဖွယ် ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့ပါသေးတယ်။
သူသေဆုံးမှုအတွက် လူမှုမီဒီယာပေါ်က သာမန် တရုတ်ပြည်သူတွေအကြား ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ရစ်ချတ်နစ်ဆင်နဲ့ ဂျရဒ်ဖို့ဒ်တို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ကစ်ဆင်ဂျာဟာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
သူဟာ ၁၉၇၁ ခုနှစ်မှာ တရုတ်မြို့တော် ပေကျင်းဆီ ပထမဆုံး လာရောက်လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံမှာ အမေရိကန်အစိုးရရဲ့ သံတမန်ဆက်ဆံရေးကဏ္ဍကို ဖွင့်လှစ်ဖို့ လမ်းခင်းပေးခဲ့ပါတယ်။
Source/Photo-Reuters