ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ “နျူးကလီးယားလက်နက် ထိန်းချုပ်ရေးခလုတ်” ရဲ့ ပုံစံတူကို ဒီဇင်ဘာ ၄ ရက်မှာ ကြည့်ရှုခဲ့ပေမဲ့ ခလုတ်နှိပ်ဖို့ကိုတော့ ငြင်းခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ထုတ်ပြန်ပါတယ်။
ရုရှားနိုင်ငံရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေရဲ့ ပြပွဲကို ပူတင်က သွားရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး ဒါဟာ မကြာမီ ကျင်းပတော့မယ့် ရွေးကောက်ပွဲ မဲဆွယ်ပွဲအတွက် သွေးပူလေ့ကျင့်ခန်းတရပ် အဖြစ် မီဒီယာတွေက ဖော်ပြပါတယ်။
ပူတင်ကို ဆိုဗီယက်ခေတ် နျူးကလီးယားဗုံးဒီဇိုင်းကို ရှင်းလင်းပြောဆိုခဲ့ပြီး နျူးကလီးယား စမ်းသပ်မှုလုပ်ဖို့ ထိန်းချုပ်ခန်းရဲ့ ခလုတ်ခုံကိုလည်း ပြသခဲ့ပါတယ်။
အဲဒီနောက် မြင်ကွင်းကိုကြည့်တဲ့ ပြတင်းပေါက်ကတဆင့် နျူးကလီးယားဗုံး ပေါက်ကွဲပုံနဲ့ ဖြစ်လာတဲ့ မှိုပုံတိမ်တိုက်တွေကို ကြည့်ခဲ့ကြပါတယ်။
ရုရှားအစိုးရက ယူကရိန်းမှာ သူ့ရဲ့အထူးစစ်ရေးစစ်ဆင်ရေးလို့ နာမည်ပေးခဲ့တဲ့ စစ်ပွဲ စတင်ကတည်းက ပူတင်က ရုရှားရဲ့ နျူးကလီးယား လက်နက်တိုက်ရဲ့ အရွယ်အစားနဲ့ စွမ်းရည်တွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေကို မကြာခဏ သတိပေးခဲ့တာပါ။
နျူးကလီးယားလက်နက်နဲ့ တိုက်ခိုက်ဖို့ ကြိုးစားသူ ဘယ်သူ့ကိုမဆို ကမ္ဘာမြေမျက်နှာပြင်ကနေ သုတ်သင် ရှင်းလင်းပစ်မယ်လို့ ပူတင်က ပြောဆိုခဲ့ပါတယ်။
ဘယ်လာရုစ်နိုင်ငံမှာ နည်းဗျူဟာမြောက် နျူးကလီးယား ဒုံးကျည်တွေကို ဖြန့်ကျက်ထားပြီး အဓိက လက်နက်စာချုပ်နှစ်ခုမှာ ရုရှားရဲ့ ရပ်တည်ချက်ကို ပြောင်းလဲပါတယ်။
ရုရှားအစိုးရဟာ အဏုမြူလက်နက်တွေကို မဆင်မခြင် တံဆိပ်ခတ်တာ ဒါမှမဟုတ် နျူလက်နက်တွေနဲ့ပတ်သက်တဲ့ သူတို့ရဲ့ အယူဝါဒကို ပြောင်းလဲတာတွေ မလုပ်ဘူးလို့လည်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
ပူတင်ဟာ မတ်လမှာကျင်းပမယ့် ရွေးကောက်ပွဲအတွင်း နောက်ထပ် ခြောက်နှစ်သက်တမ်းအတွက် ဝင်ပြိုင်မပြိုင် ဆိုတာကို အခုလထဲမှာ အတည်ပြုဖို့ မျှော်လင့်ထားပါတယ်။
Source/Photo-Reuters