အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်းရှိ တိုဘာရေအိုင်ကြီးအနီး ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၁ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံရဲ့ ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီ BNPB က ပြောကြားခဲ့ပါတယ်။
လူအများအပြားကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။
ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ရေကန်ကြီးရဲ့ ကမ်းစပ်တွေမှာ တည်ရှိတဲ့ဒေသကို သက်ရောက်ခဲ့ပြီး ဘုရားကျောင်းတကျောင်း၊ စာသင်ကျောင်းတကျောင်း၊ ဟိုတယ်တလုံးနဲ့ နေအိမ်တွေ အများအပြား ပျက်စီးခဲ့ကြောင်း BNPB က ဒီဇင်ဘာ ၂ ရက် နှောင်းပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူပေါင်း ၃၅၀ ဝန်းကျင်လောက်ဟာ အကြီးစားစက်ကိရိယာတွေကို အသုံးပြုပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြောင်းနဲ့ လူပေါင်း ၂၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း အေဂျင်စီက ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး မီးတောင်အိုင်ဖြစ်တဲ့ တိုဘာ ရေကန်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံသားတွေနဲ့ နိုင်ငံတကာ ဧည့်သည်တွေအတွက် ရေပန်းစားတဲ့ ခရီးသွားနေရာ တခုဖြစ်ပါတယ်။
Source/Photo - Reuters