ပီရူးနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဟာ သမ္မတဟောင်း အယ်လ်ဘာတို ဖူဂျီမိုရီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်လည်ခွင့်ပြုပေးလိုက်ကြောင်း တရားရုံးရဲ့ ထိပ်တန်းတရားသူကြီး ဖရန်စစ္စကို မိုရာလက်စ်က နိုဝင်ဘာ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
သမ္မတဟောင်း ဖူဂျီမိုရီကို လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ထားတာပါ။
သမ္မတဟောင်းကတော့ စွဲချက်တွေကို လုံးဝ ငြင်းဆိုကြောင်းနဲ့ သူ အပြစ်ကင်းကြောင်း၊ ဒါကို လက်မခံဘူးလို့ ပြောခဲ့ပါတယ်။
သူ့ရဲ့ အယူခံလျှောက်ထားမှုဟာ မနှစ်တုန်းက ဖျက်သိမ်းခံခဲ့ရပေမဲ့ အခုတော့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters