စပိန်လာလီဂါကလပ် ဂီတာဖေးအသင်းမှာ ခြေစွမ်းပြနေတဲ့ ဂရင်းဝုဒ်ကို ပရီးမီးယားလိဂ် ကလပ်တွေက ကင်းထောက်တွေ လာရောက်စောင့်ကြည့်နေကြပါတယ်။
ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းဆီကို တရာသီ အငှားစာချုပ်နဲ့ လာရောက်ကစားနေတာဖြစ်ပေမဲ့ မန်ယူအသင်းနဲ့လည်း တရားဝင် လမ်းခွဲထားတာပါ။
ဂရင်းဝုဒ်ဟာ ဂီတာဖေးနဲ့ စုစုပေါင်း ၁၁ ပွဲ ကစားအပြီးမှာ ၄ ဂိုးသွင်းပြီး ၃ ကြိမ် ဂိုးဖန်တီးပေးထားပါတယ်။
စပိန်သတင်းစာ AS ရဲ့ဖော်ပြချက်အရ ပရီးမီးယားလိဂ်ကလပ်တွေက ကင်းထောက်တွေဟာ ဂရင်းဝုဒ်ရဲ့ အခြေအနေကို လာရောက်စောင့်ကြည့်နေကြကြောင်း ဆိုပါတယ်။
ဂီတာဖေးဘက်ကလည်း ဂရင်းဝုဒ်ကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိနေတာပါ။ နွေရာသီ အပြောင်းအရွှေ့တုန်းကတော့ အီတလီနဲ့ တူရကီကလပ်တွေက ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြဖူးပါတယ်။
Photo-Reuters