မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ တိုက်စစ်မှူးနူညက်ဇ်တို့ အချင်းများခဲ့မှုဟာ ထူးဆန်းတဲ့ကိစ္စမဟုတ် ကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောသွားပါတယ်။
မန်စီးတီးနဲ့ လီဗာပူးတို့ တစ်ဂိုးစီ သရေကျနေချိန် ဒါဝင်နူညက်ဇ်ကို လူစားလဲခဲ့ရာမှာ ကွင်းဘေးစည်းပေါ်မှာ နည်းပြ ဂွါဒီယိုလာနဲ့ စကားအချေအတင်ဖြစ်ခဲ့တာပါ။
အဲဒီဖြစ်ရပ်အပေါ် နည်းပြကလော့ပ်နဲ့ နည်းပြအဖွဲ့ဝင်တွေက တားဆီးပေးခဲ့ရပြီး နှစ်ဘက်စလုံးက အနိုင်ရရှိချင်ကြတဲ့အချိန်မှာ ဒီလိုစကားအချေအတင်ဖြစ်ခဲ့တာက ထူးဆန်းတဲ့ကိစ္စမဟုတ်ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
နည်းပြဂွါဒီယိုလာဘက်ကလည်း နူညက်ဇ်နဲ့ စကားများခဲ့တဲ့ဖြစ်ရပ်အပေါ် ဘာမှဖြစ်ပွားခဲ့တာ မဟုတ်ကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်ရှင်းလင်းသွားခဲ့ပါတယ်။
Photo-Reuters