ပွဲဆက်များမှုဟာ ကစားသမားတွေစွမ်းဆောင်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေကြောင်း မန်ယူ နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာလာမယ့် ၆ ရက်အတွင်းမှာ ၃ ပွဲကစားရမှာဖြစ် ပြီး ပွဲစဉ် ဇယားအခြေအနေအပေါ်မှာ နည်းပြတန်ဟတ်ဂ်က မှတ်ချက်ပေးခဲ့တာပါ။
ဘိုင်ယန်နည်းပြ သောမက်စ်တူချယ်ရဲ့ ပွဲစဉ်ဇယားအပေါ်ဝေဖန်ချက်ကို ကြားသိရပြီး နည်းပြတိုင်းကလည်း စောဒက တက်နေကြပေမဲ့ ဘောလုံးတာဝန်ရှိသူတွေက ပွဲစဉ်တွေ ထပ်ထည့်ဖို့ ကြိုးပမ်းနေကြကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
နည်းပြတန်ဟတ်ဂ်က“လာမယ့် နှစ်မှာဆိုရင် ပွဲစဉ်နှစ်ပွဲ ပိုထည့်ဖို့တောင်သူတို့ လုပ်ဆောင်ခဲ့ကြပြီ။ ကျနော်တို့ ကစားသမားတွေရဲ့ စွမ်းဆောင်နိုင်မှု အကန့်အသတ်က ကျော်လွန်ခဲ့ပါပြီ” လို့ ပြောပါတယ်။
လာမယ့်နှစ် ချန်ပီယံလိဂ်မှာ အုပ်စုပွဲစဉ် ၂ ပွဲ ပိုကစားရမှာဖြစ်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲကလည်း ကစားသမားတွေအတွက် အသင့်စောင့်ကြိုနေပါတယ်။
Photo-Reuters