မန်ယူအသင်းဟာ လာမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာ ကစားသမားရှင်းလင်းရေး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ ဂိုးသမားဒီဂီယာ၊ ကွင်းလယ်လူဖရက်ဒ်နဲ့ ဂိုးသမားဟန်ဒါဆန် အစရှိတဲ့ ကစားသမားတွေကို ရှင်းလင်းရေး လုပ်ဆောင်ခဲ့တာပါ။
လာမယ့် ၂၀၂၄ ခုနှစ် အတွင်းမှာလည်း ကစားသမား အနည်ဆုံး ၁၀ ဦးခန့်ကို ရောင်းချကာ ရှင်းလင်းရေး လုပ်ဆောင်သွားမှာဖြစ်ကြောင်း မန်ချက်စတာ ညနေခင်းသတင်းစာက ရေးသားပါတယ်။
နည်းပြတန်ဟတ်ဂ်ဟာ အခု နှစ်ရာသီ ပထမဆုံး ၁၈ ပွဲမှာ ၉ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး လာမယ့် နှစ်ဟာ ကစားသမားအပြောင်းအလဲ များစွာပြုလုပ်သွားရမယ့်နှစ်ဖြစ်တယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။
Photo - Reuters