စင်ကာပူနဲ့ပွဲမှာ ခြေကျင်ဝတ်ဒဏ်ရာရရှိခဲ့ပေမဲ့ အဆင်ပြေကြောင်းတောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ဟောင်မင်က ပြောသွားပါတယ်။
တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့်အုပ်စုပွဲစဉ်မှာ စင်ကာပူအသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဆွန်ဟောင်မင်က တတိယ မြောက်ဂိုး သွင်းခဲ့ပါတယ်။
ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ဆွန်ဟောင်မင်ဟာ ဆေးအဖွဲ့ရဲ့ ကုသမူခံယူခဲ့ရပြီး ပွဲချိန်ပြီးဆုံးအောင်တော့ ဆက်လက်ကစားသွားခဲ့တာပါ။
ကမ္ဘာ့ဖလားအတွက် အသင်းကိုတည်ဆောက်နေချိန်မှာ ပွဲစဉ်တစ်ပွဲမှ လွဲချော်မှု မဖြစ်ချင်ကြောင်း၊ နာကျင်မှု ခံစားခဲ့ရပေမဲ့ ပြေးလွှားနိုင်သေးတဲ့အတွက် ပွဲချိန်ပြီးတဲ့အထိ ဆက်လက်ကစားခဲ့တာလို့ ဆွန်ဟောင်မင်က ပွဲအပြီးမှာပြောပါတယ်။
ပွဲအပြီးမှာတော့ နာကျင်မှု မခံစားရတော့ဘဲ ပုံမှန်အတိုင်းပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်းနဲ့ တရုတ်အသင်းနဲ့ပွဲစဉ်မှာ ပြန်လည်ကစားနိုင်မှာဖြစ်ကြောင်း ဆွန်ဟောင်မင်ကပြောသွားပါတယ်။
Photo-Reuters