မွန်ဂိုလီးယား အမျိုးသမီးတယောက်ကို သတ်ဖြတ်မှုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ မလေးရှားရဲတပ်ဖွဲ့ဝင်တယောက်ဟာ ၉ နှစ်နီးပါးကြာအောင် ထိန်းသိမ်းခံပြီးနောက် သြစတြေးလျ အကျဉ်းထောင်ကနေ လွတ်မြောက်လာပါတယ်။
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ တွဲဖက်ဟောင်းရဲ့ စကားပြန်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် အယ်လ်တန်တူယာရှာရီအီဘူကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိပြီးတဲ့နောက် မလေးရှားရဲတပ်ဖွဲ့ဝင် စီရူးအာဇာအူမာနဲ့ တခြားရဲအရာရှိတစ်ဦးကို မလေးရှားတရားရုံးက သေဒဏ်ချမှတ်ထားတာပါ။
စီရူးဟာ စီရင်ချက်ချတာ မခံရခင် မလေးရှားနိုင်ငံကနေ ထွက်ပြေးလာခဲ့ပြီး အင်တာပိုလ်ရဲ့ အကြောင်းကြားစာအရ ၂၀၁၅ ခုနှစ် ဇန်နဝါရီလကတည်းက သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။
လူဝင်မှုကြီးကြပ်ရေးအချုပ်မှာ တရားမဝင် အကန့်အသတ်မရှိ ချုပ်နှောင်တာကို တားမြစ်ထားတဲ့ ဩစတြေးလျတရားရုံးချုပ်ရဲ့ စီရင်ချက်ချမှတ်မှု နောက်ပိုင်း ရက်ပိုင်းအကြာမှာ ဒါဇင်ချီတဲ့ ခိုလှုံခွင့် တောင်းခံသူတွေကို လွှတ်ပေးချိန်မှာ သူလွတ်လာခဲ့တာပါ။
Source/Photo-Reuters