ပြင်သစ်နိုင်ငံမြောက်ပိုင်း ပတ်ဒူကယ်လေ့နယ်မြေမှာ ရာနဲ့ချီတဲ့ ဒေသခံတွေဟာ နိုဝင်ဘာ ၁၁ ရက်က သူတို့နေအိမ်တွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြပါတယ်။
သောကြာနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့အပြီး အားမြစ် ရေလျှံခဲ့ပြီးနောက်မှာ ဆန့်တိုမယ်ရပ်ကွက်အနီး ဘလွန်းဒေ့ချ်ဒေသမှာ ကယ်ဆယ်ရေးသမားတွေဟာ ဒေသခံမိသားစုတွေရဲ့ ပစ္စည်းတွေကို စုဆောင်းသိမ်းဆည်းပေးပြီး ခြောက်သွေ့လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ဖို့ ကူညီပေးခဲ့ပါတယ်။
မနက် ၃ နာရီခွဲ ကတည်းက ကိုယ့်မှာရှိတဲ့ ပရိဘောဂလေးတွေကို ဆယ်ယူဖို့ ကြိုးစားနေရပြီး ပစ္စည်းတွေအားလုံးကို မြှင့်တင်ထားရတယ်လို့ အိမ်ပြောင်းရွှေ့နေတဲ့ ဒေသခံရှာလော့ထ် လူလူက ပြောပါတယ်။
ကလေးငယ်တွေ ဘေးကင်းစေဖို့ ဆန့်တိုမယ်ရပ်ကွက်ရဲ့ တဘက်ကမ်းကို ခေါ်သွားခိုင်းထားပြီး၊ ရေတွေ ထပ်တက်လာလို့ သူတို့လည်း အိမ်ကနေ ခွာနေပြီလို့ ဆိုပါတယ်။
မိုးစဲသွားပေမဲ့ စနေနေ့မှာ ဒေသအာဏာပိုင်တွေက ရေကြီးနိုင်ခြေ မြင့်မားနေဆဲဖြစ်ကြောင်း သတိပေးထားတာကြောင့် အဲဒီဧရိယာဟာ မြင့်မားတဲ့ သတိပေးချက်အဆင့်မှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
Source/Photo-Reuters