အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်ကို လက်ရွေးစင်အသင်းမှာ မရွေးချယ်တဲ့အကြောင်းအရင်းကို နည်းပြဆောက်ဂိတ်က ရှင်းလင်းသွားပါတယ်။
ဘန်ဝှိုက်ဟာ အာဆင်နယ်ညာနောက်ခံလူနေရာမှာ ခြေစွမ်းပြနေသူဖြစ်ပေမဲ့ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အင်္ဂလန်အသင်းလူစာရင်းမှာလည်း ဆက်လက် ချန်လှပ်ခဲ့တာပါ။
အာဆင်နယ်နောက်ခံလူဟာ မနှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပုဂ္ဂိုလ်ရေးအကြောင်း ပြချက်နဲ့ အင်္ဂလန်အသင်းလူစာရင်းကနေ ပြန်လာခဲ့သူပါ။
ဘန်ဝှိုက်ဟာ အခုနှစ်ရာသီ အာဆင်နယ်အသင်းမှာ အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ပြသနေပြီး ရွေးချယ်ဖို့စဉ်းစားခဲ့တဲ့ နောက်ခံလူတစ်ဦးဖြစ်တယ်လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။
ကွဲပြားခြားနားတဲ့ နောက်ခံလူဖြစ်ပြီး ညာစွန် နေရာမှာကစားနေတဲ့ ဗဟိုနောက်ခံလူတစ်ဦးဖြစ်ကြောင်း၊ ခြေစွမ်းပြနေပေမဲ့ လက်ရှိအချိန်မှာတော့ တခြားနောက်ခံလူတွေရဲ့အနောက်မှာ ကျန်ခဲ့တာဖြစ်ကြောင်း နည်းပြဆောက်ဂိတ်က ရှင်းလင်းခဲ့ တာပါ။
စတာလင်ကို ချန်လှပ်ခဲ့တာကတော့ စွမ်းဆောင်ရည်ကောင်းမွန်နေတဲ့လက်ရှိအသင်းလူစာရင်းကို အပြောင်းအလဲလုပ်ဖို့ မလိုအပ်သေးတာကြောင့်ဖြစ်ကြောင်း ဆောက်ဂိတ်ကပြောပါတယ်။
Photo-Reuters