တောင်ပံတိုက်စစ်ကစားသမား အန်တိုနီအနေနဲ့ ဘောလုံးကို ရိုးရှင်းစွာကစားဖို့ လိုအပ်ကြောင်း မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အကြံပြု တိုက်တွန်းသွားပါတယ်။
ဘရာဇီးတိုက်စစ်ကစားသမားဟာ ပြိုင်ဘက်ကစားသမားတွေကို လိမ်ခေါက်ကာ လှည့်စားပြီး ဘောလုံးနဲ့အတူ ကျော်ဖြတ်ဖို့ ကြိုးစားလေ့ရှိသူပါ။
စပါးနဲ့ မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ အန်တိုနီအနေနဲ့ ဘောလုံးကို ရိုးရှင်းစွာ ကစားသင့်ပြီး လှည့်စားမှုတွေ ရှုပ်ထွေးအောင် မလုပ်ဆောင်သင့်ကြောင်း အကြံပြု တိုက်တွန်းခဲ့တာပါ။
“လှည့်စားမှုတွေလုပ်လိုက်တဲ့ ခဏတာကတော့ ရော်နယ်ဒင်ညိုလား၊ ဇီဒန်းလား ထင်စရာပေါ့။ ဒါပေမဲ့ စွမ်းဆောင်ရည်ကောင်း မရတဲ့အချိန်မှာတော့ ပိုပြီးဆိုးလာဖို့ပဲရှိပါတယ်။ လှည့်စားမှုတွေလို မိုက်မဲတဲ့အရာတွေကို လုပ်ဖို့ မကြိုးစားပါနဲ့။ ဒါတွေက အသင်းအတွက် အကျိုးမရှိပါဘူး” လို့ ဘာဘာတော့ဗ်က ပြောပါတယ်။
အန်တိုနီဟာ အခုနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ၁၁ ပွဲ ကစားထားပေမဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု မရရှိသေးပါဘူး။
Photo-Reuters