ကမ္ဘောဒီးယားနိုင်ငံဟာ အွန်လိုင်းလိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေကြောင်း သံသယရှိတဲ့ ဂျပန်လူမျိုး ၂၅ ဦးကို နိုဝင်ဘာ ၈ ရက်က ဂျပန်နိုင်ငံကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
အဲဒီဂျပန်အမျိုးသား အားလုံးကို စက်တင်ဘာလလယ်က ဖနွမ်းပင်မြို့ရှိ တိုက်ခန်းတခုမှာ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်းမီဒီယာတွေမှာ အစီရင်ခံပါတယ်။
သူတို့ကို လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးထားတာဖြစ်ပြီး မလေးရှားမှတဆင့် ဂျပန်နိုင်ငံကို ပို့ဆောင်မယ်လို့ ကမ္ဘောဒီးယားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
သူတို့ရဲ့ အွန်လိုင်း ငွေလိမ်လည်မှုတွေမှာ ဒေသခံတွေကို ပစ်မှတ်ထားခံရပြီးနောက်မှာ ဂျပန်သံရုံးက တောင်းဆိုထားတဲ့အတိုင်း ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့ ကမ္ဘောဒီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
Source/Photo - Reuters