ဆိုမာလီယာနိုင်ငံတဝန်း မိုးသည်းထန် ရေကြီးရေလျှံခဲ့လို့ လူပေါင်း ၁၁၃,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး သိန်းချီတဲ့လူတွေ ထိခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။
မိုးကြီးပြီးနောက် လူ ၁၀ ယောက်လောက် သေဆုံးခဲ့ပြီး အစိုးရက အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ ဆိုမာလီ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီက X လူမှုကွန်ရက် စာမျက်နှာက သူ့ရဲ့အကောင့်မှာ ပြောပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် အစားအစာဈေးတွေ မြင့်တက်ခဲ့ပြီး အကြမ်းဖက်မှုတွေနဲ့ပါ ကြုံတွေ့ရလို့ ဆိုမာလီနိုင်ငံမှာ လူပေါင်း ၄၃,၀၀၀ သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ဆယ်စုနှစ် လေးခုအတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကို ကြုံတွေ့ခဲ့ရပြီး တနှစ်အကြာ ခုလို မိုးရွာသွန်းခဲ့တာလို့ ကုလသမဂ္ဂက ပြောပါတယ်။
အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း မိုးရာသီမှာ ဆိုမာလီနိုင်ငံအတွင်း ပန့်လန်း၊ ဂဲလ်မဒေါ့ထ်၊ ဆော့သ်ဝက်စ်၊ ဟာရှာဘယ်လ်ပြည်နယ်တွေနဲ့ ဂျဘ်ဘာလန်ပြည်နယ်တို့က ဂျူဘာမြစ်တလျှောက် ဒေသတွေမှာ အပြင်းအထန် မိုးရွာခဲ့တယ်လို့ OCHA က ပြောခဲ့ပါတယ်။
Source/Photo-Reuters